ရန်ကုန် (ဇွန်လ ၂ရက်နေ့၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုနာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရုံးချုပ် ဦးထွန်းကြည်အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။

1

ပထမဦးစွာ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုနာယက ဦးအေးမြင့်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးကောင်စီ လွှတ်တော်တွင် အတည်ပြုမှု ရယူနိုင်ခဲ့ခြင်းမှာ ဗဟိုအမှုဆောင်အဖွဲ့၏ ကြိုးစားမှုကြောင့် ယခုလိုအောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း၊ ကောင်စီဥပဒေအဖွဲ့ကို ဖွဲ့စည်းရာတွင်လည်း အဖွဲ့ဝင် (၉) ဦးဖြင့်ဖွဲ့စည်းရမည်ဖြစ်ပြီး ကျန်းမာရေးမှူးကျောင်းဆင်းပြီးသည့်သူတိုင်း ၊ အသင်းဝင်ဖြစ်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေဝင်ရောက်အရွေးခံနိုင်ကြောင်းနှင့် ရွေးချယ်ရေးကော်မရှင်အဖွဲ့ဖွဲ့စည်းပြီး ရွေးချယ်သွားသင့်ကြောင်း ၊ လစ်လပ်နေသည့် ကျန်းမာရေးမှူးကောင်စီ ဒုတိယဥက္ကဌနေရာကိုလည်း ရွေးချယ်ရမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဆက်လက်၍ အသင်းဗဟို ဥက္ကဌ ဦးမြသွင်မှ ကျန်းမာရေးမှူးများ နွံနစ်နေသည့် အနေအထားမှ ရုန်းထွက်လာနိုင်ခဲ့ခြင်းမှာ ရှေ့မှကြိုးစားခဲ့သည့် နောင်တော်များကို ကျေးဇူးတင်သင့်ကြောင်း ၊ ၁၉၆၃ ခုနှစ်မှကြိုးစားခဲ့သည်မှာ ယနေ့တွင် အောင်မြင်ပြီဖြစ်ကြောင်း နှင့် ဒုတိယဥက္ကဌကို အမြန်ဆုံး ရွေးချယ်ဖို့လိုအပ်ကြောင်း၊ ကောင်စီဥပဒေ တရားဝင်ကျလာသည့်အချိန်တွင် အဆင်သင့်ဖြစ်စေရန်၊ လုပ်ဆောင်ထားဖို့ လိုအပ်ကြောင်း ပြောခဲ့သည်။

9

ထိုနောက်မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုနာယက ဦးစိုးတင့်မှ ဇွန်လ ဒုတိယပါတ်တွင် ဖွဲ့စည်းပုံအား ပြန်လည်အပြီးသတ် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ မတူကွဲပြားမှုများကို အလျော့အတင်းဖြင့် ညှိနှိုင်းကာ အရည်အချင်းရှိသည့်သူများကို အသင်းမှ ဖော်ထုတ်ပေးရန် လိုကြောင်း အစည်းအဝေးတွင် ပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဒုတိယဥက္ကဌ ဦးဌေးအောင်မှ ဒုတိယဥက္ကဌရွေးချယ်တင်မြောက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးကို စောစီးစွာအရေးပေါ်ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးအဖြစ် ခေါ်ယူကျင်းပနိုင်လျှင် မြန်ဆန်မည်ဖြစ်ကြောင်း အကြံပြုတင်ပြဆွေးနွေးခဲ့သည်။

ထိုနောက် အတွင်းရေးမှူး ဦးဇော်နိုင်မှ ဖွဲ့စည်းပုံစည်းမျဉ်း မူကြမ်းနှင့်ပက်သက်၍ လူငယ်ကျန်းမာရေးမှူးများ ကိုယ်စား ထည့်သွင်းဆွေးနွေးခဲ့ကာ ဗဟိုနာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ နှင့် ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့များမှ ကျန်းမာရေးမှူးကောင်စီနှင့်ပက်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့သည်။

 ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း

MHAA Image Gallery

  • Myanmar Health Assistant Association © MHAA