ပြည်သူ့ကျန်းမာရေး ကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ကျန်းမာရေး ဝန်ထမ်းအားလုံးအား ကျေးဇူးတင် ဂုဏ်ပြု အပ်ပါသည်။ လက်ရှိ ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျှက်ရှိသော Covid-19 ကူးစက်မြန် ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းစဉ်များတွင် ကျန်းမာရေးဝန်ထမ်းများအား ပံ့ပိုးကူညီပေးကြပါရန် ဖိတ်ခေါ်တိုက်တွန်းအပ်ပါသည်။

 

ရန်ကုန် (ဧပြီလ ၇ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊Decolgen ဆေးကုမ္ပဏီတို့နှင့် ပူးပေါင်းကာ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် လှိုင်သာယာမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နှင့် အောင်ဆန်းမြို့ အတွင်းရှိ ကားမှတ်တိုင်များ၊ မီးပွိုင့်များတွင် Taxi သမားများ၊ YBS ကားသမားများ၊ ကားသမားများနှင့် ခရီးသွားပြည်သူများအား ပညာပေးလက်ကမ်းစာဆောင်များ၊ နှာခေါင်းစည်း Mask များ နှင့် Hand gel များ ဝေဌခြင်း စသည့် လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့သည်။

ရန်ကုန် (၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ ၁ ရက်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(၁၄)ကြိမ်မြောက် ညီလာခံတွင် ရွေးချယ်တင်မြောက်ခဲ့တဲ့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့(၂၀၂၀-၂၀၂၁) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝမ်းမြောက်ဝမ်းသာ ကြိုဆို ဂုဏ်ပြုပါကြောင်း ဦးစွာပထမ ပြောကြားလိုပါတယ်။

ရန်ကုန် (မတ်လ ၂၆ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီနှင့် အဖွဲ့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ Decolgen ဆေးကုမ္ပဏီ၊ တောင်ဒဂုံမြို့နယ်ရှိ လူမှု့ကူညီရေးအဖွဲ့တို့နှင့် ပူးပေါင်းကာ (Covid – 19) ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပညာပေးလက်ကမ်းစာဆောင်များ၊ နှာခေါင်းစည်း Mask များ နှင့် Hand gel များ ဝေဌခြင်း စသည့် လုပ်ငန်းစဉ်များဆောင်ရွက်ခဲ့သည်။

ရန်ကုန်၊ မတ်လ (၂၆) ရက်၊ ၂၀၂၀ ခုနှစ်။

မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် ပူးပေါင်း၍ Covid -19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် မိမိစိတ်ဆန္ဒအရ စာရင်းပေးသွင်းထားသော စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်မည့် အသင်းသူ/သားစာရင်း