- Details
- News and Activities
- Hits: 6777
ရန်ကုန်၊ (မေလ ၁၂ရက် ၂၀၁၉ ခုနှစ်)
အခြေခံ ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်း ကလေးဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများအား (၄)ရက်တာ လေ့လာရေးခရီးစဉ်ပို့ဆောင်ပေးခဲ့သည်။
ကလေးဝမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အခြေခံကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၉) ဦးသည် မေလ (၈) ရက် ညနေပိုင်းတွင် ကလေးဝမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြပြီး နောက်တစ်နေ့(မေလ ၉ ရက်) နံနက်ပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ဲကြသည်။
- Details
- News and Activities
- Hits: 3994
ရန်ကုန်၊ (မေလ ၁၄ ရက်၊ ၂၀၁၉ ခုနှစ်)
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ရှိ ကျေးရွာ (၇၁၂)ရွာတွင် ဆောင်ရွက်မည့် ရေနှင့်သန့်ရှင်းရေးစီမံချက်အတွက် ဝန်ထမ်းများသင်တန်းပေးခြင်းအခမ်း အနား(Staff Orientation training)ကို မေလ ၁၃ ရက်နှင့် ၁၄ ရက်တို့က ရန်ကုန်မြို့ City Golf Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 3675
သုံးခွမြို့၊ (၇ ရက်၊ မေလ၊ ၂၀၁၉ခုနှစ်)
သုံးခွမြို့တွင် “လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေးစီမံချက်”၏ စေတနာ့ဝန်ထမ်းသင်တန်းကို မေလ ၆ ရက် နှင့် ၇ ရက်တို့က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 31199
( ၉ရက် ၊ ဧပြီလ၊ ၂၀၁၉ ခုနှစ် )
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မအူပင်ခရိုင်)၏ (၄)လပတ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲနှင့် (၅)နှစ်စာ မဟာဗျူဟာစီမံကိန်း လုပ်ငန်းရှင်းလင်းပွဲကို ဧပြီလ ၉ ရက်က ဓနုဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
- Details
- News and Activities
- Hits: 26147
မာန်အောင်မြို့၊ (၁၊ မတ်လ၊ ၂၀၁၉ခုနှစ်)
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန နှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း (MHAA) တို့ ပူးပေါင်းဆောင်ရွက်သည့် “ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမှီရရှိရေး” စီမံချက် (Promoting Access to Health in Rakhine State Project) ၏ မြို့နယ်အဆင့် စီမံချက်အကြောင်း အသိပေးရှင်းလင်းခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နေ့လယ် (၁) နာရီ မှ (၃) နာရီ အထိ မာန်အောင်မြို့နယ် ၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။





