ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ Mask Campaign ပြုလုပ်
- Details
- News and Activities
- Hits: 2396
ရန်ကုန် ( ဒီဇင်ဘာလ ၈ရက်၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဌာန ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ၊မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်ရှိ ပိတောက်မြိုင်ဈေးတွင် Covid-19 ရာဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း Mask များ အခမဲ့ဝေငှခြင်း နှင့် နှာခေါင်းစည်းတပ်ဆင်ရေးအတွက် ပညာပေးလှုံ့ဆော်ခြင်းများကို ဒီဇင်ဘာလ (၈) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
- Details
- News and Activities
- Hits: 2533
ရန်ကုန် ( ဒီဇင်ဘာ ၈ရက် ၊ ၂၀၂၀ ခုနှစ် )
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမြသွင်၊ ဒုတိယဥက္ကဌ ဦးဌေးအောင်၊ ဘဏ္ဍာရေးမှူး ဦးကိုကို နှင့် အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ် (မြောက်ပိုင်း) နေ ဆရာကြီး ဦးသိန်းစိုးဦး ထံသို့သွားရောက် ဂါရဝပြုကန်တော့ခဲ့ကြပြီး ကျန်းမာရေးမှူးနှင့်ပြည်သူ့ကြီးကြပ် ကောင်စီဥပဒေကို အင်္ဂလိပ်ဘာသာသို့ပြန်ဆိုခြင်းအား ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
- Details
- News and Activities
- Hits: 1015
ရန်ကုန် (ဒီဇင်ဘာ ၈ ၊ ၂၀၂၀ ခုနှစ်)
(၂၀၁၉-၂၀၂၀) ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အသင်းဝင်များ၏ သား/သမီးများအား မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ ဂုဏ်ပြုချီးမြင့်ငွေ ပေးအပ်လျက်ရှိပါသည်။
- Details
- News and Activities
- Hits: 2949
အမ်းမြို့နယ် ( ဒီဇင်ဘာ ၆ ၊ ၂၀၂၀ ခုနှစ် )
အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ (၆) ရက် ၊ ၂၀၂၀ ခုနှစ်တွင် အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုအစီအစဉ်ဖြင့် အမ်းမြို့နယ်ရှိ မြို့သစ်ဈေးတွင် လက်သန့်ဆေးရည် နှင့် နှာခေါင်းစည်းများကို ဈေးဝယ်လာသော ပြည်သူလူထုများအား အခမဲ့ ပေးဝေခဲ့ပါသည်။
- Details
- News and Activities
- Hits: 2984
ရန်ကုန် (ဒီဇင်ဘာလ ၆ ရက် ၊ ၂၀၂၀ ခုနှစ်)
ဒဂုံမြို့သစ်မြို့နယ် (မြောက်ပိုင်း)မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်း၍ ဒဂုံမြို့သစ်မြောက်ပိုင်း ၊ မန္တလေးလမ်း (၂၉)ရပ်ကွက်ဈေးထိပ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းMask များ အခမဲ့ဝေငှခြင်း နှင့် ပညာပေးလှုံ့ဆော်ခြင်းများကို ဒီဇင်ဘာလ( ၆ ) ရက်နေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
ပြန်ကြားရေး/မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
Subscribe to MHAA Newsletters for early information
Get our project releases and latest information with exclusive news and opportunities in your inbox.
မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းနှင့် သက်ဆိုင်သော လိမ်လည်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် အဂတိ
လိုက်စားမှုများကို တွေ့ရှိလျှင် (သို့) သံသယရှိလျှင် (သို့) လက်ခံရရှိလျှင် အကြောင်းကြားပါ။
လိုက်စားမှုများကို တွေ့ရှိလျှင် (သို့) သံသယရှိလျှင် (သို့) လက်ခံရရှိလျှင် အကြောင်းကြားပါ။
Contact To MHAA

TB Hospital Road, Aungsan, Insein Township ,Yangon, Myanmar.
Ph:+95 1 3645722




