မိုင်းခတ်မြို့(အောက်တိုဘာလ ၃ ရက်၊ ၂၀၁၉ ခုနှစ်)

"အဓိက က လမ်းပန်းဆက်သွယ်ရေး တော်တော်ခက်ခဲတယ်။ အကိုတို့အခု ကျိုင်းတုံကလာတဲ့ မြို့ချင်းဆက်သွယ်တဲ့ လမ်းက အကောင်းဆုံးလမ်းပဲ။ အဲ့ဒီလမ်းတောင် မိုးရာသီမှာဆိုရင် မြေပြိုတာတွေ ဖြစ်တယ်။ မိုးရာသီမြေပြိုရင် သွားလို့မရတော့ဘူး။ မြို့နယ်ထဲက တစ်ချို့ရွာတွေဆို သွားလို့မရဘူး။ နယ်မြေလုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် သွားလို့မရတဲ့ ရွာတွေရှိတယ်။" ဟု မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးစီမံချက် (မိုင်းခတ်မြို့နယ်)၏ စီမံချက်ဝန်ထမ်း(Project Officer) ကိုနိုင်လင်းကပြောသည်။

အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အတွင်းရေးမှူး ဦးဌေးအောင်၊ Central Program Manager ဦးသန့်ဇော်၊ Deputy Central Program Manager ဦးမျိုးချစ် တို့ အဖွဲ့သည် မိုင်းဖြတ်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံးသို့ သွားရောက်ခဲ့ပြီး စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံကာ စီမံချက်လုပ်ငန်း ကိစ္စများနှင့် ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလ (၆) ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အရေးပေါ်အစည်းအဝေးကျင်းပပြီး အစည်းအဝေးဆုံးဖြတ်ချက် (၉) ခု အတည်ပြုချမှတ်ခဲ့

အောက်တိုဘာလ (၂) ရက်၊ ၂၀၁၉ ခုနှစ်။

Access to Health Fund အဖွဲ့သားများနှင့် အလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များသည် အောက်တိုဘာလ (၂) ရက်နေ့က မိုင်းဖြတ်မြို့နယ်သို့ ရောက်ရှိခဲ့ကြပြီး ဒေသခံများ၊ သက်ဆိုင်ရာတိုင်းရင်းသားအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

စက်တင်ဘာလ ၂၁ ရက်၊ ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း (၂) ရက်တာ သင်တန်းတစ်ရပ်ကို စက်တင်ဘာလ (၂၀) ရက်နှင့် (၂၁) ရက်တို့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဦးထွန်းကြည် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။