မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (ဇူလိုင်လ ၆ ရက်၊ ၂၀၁၉ ခုနှစ်)


မွန်ပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ ၆ ရက်က မော်လမြိုင်မြို့ ဆရာဝန်အသင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကရင်ပြည်နယ် (ဇူလိုင်လ ၉ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ စီမံချက်ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများသည် ဖာပွန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ပိုလီယိုကာကွယ်ဆေး အပိုဆောင်းတိုက်ကျွေးခြင်းအစီအစဉ်တွင် ပူးပေါင်းပါဝင်ခဲ့သည်။

ရန်ကုန် (ဇူလိုင်လ ၅ ရက်၊ ၂၀၁၉ ခုနစ်)


မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ငွေးကြေးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ စိစစ်သုံးသပ်ရေးအစည်းအဝေး တစ်ရပ်ကို မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး ဦးပန် အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၃) ရက်မှ (၅) ရက်အထိ (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သည်။

ဇွန်လ ၃၀ ရက်၊ ၂၀၁၉ ခုနှစ်

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ ဦးမျိုးသွင်နှင့် Deputy Central Program Manager ဦးမျိုးချစ်တို့သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများသို့ ဇွန်လ (၂၆) ရက်မှ (၃၀) ရက်အထိ (၅) ရက်ကြာခရီးသွားရောက်ခဲ့ကြပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ (ဇွန်လ ၂၉ ရက်၊ ၂၀၁၉ခုနှစ်)


မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို စလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဇွန်လ ၂၉ ရက်က ကျင်းပပြုလုပ်ခဲ့ပါသည်။