သံတွဲမြို့ (နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၉)

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ဦးဆောင်၍ မသန်စွမ်းသူများဆိုင်ရာ ဆက်စပ်ဌာန/အဖွဲ့အစည်းများ မြို့နယ်အဆင့် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ (အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၉ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးမြသွင်၊ အကြံပေးပုဂ္ဂိုလ် Prof. Dr. ဒေါ်စန်းစန်းမြင့်အောင် (UCH Rector -Retired)၊ Head of Program ဦးဆန်းလင်းဦးတို့ အဖွဲ့သည် ထိုင်းနိုင်ငံ Khon Kaen University သို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ၊ သင်တန်းများနှင့်ပညာတော်သင်ကျောင်းသားများစေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ဒေါ်မှုံစီဟာ ဝက်လက်မြို့နယ်၊ ကူကောင်းကျေးရွာမှာ နေထိုင်တဲ့ အသက် (၃၆) နှစ်အရွယ် တီဘီရောဂါဖြစ်ပွါးနေသူဖြစ်ပါတယ်။ သူ့မှာ TB ရောဂါဖြစ်နေပြီဆိုပြီး ပထမဆုံးသံသယစဖြစ်တဲ့အချိန်မှာ သူတော်တော်လေး စိုးရိမ်ကြောက်လန့်နေခဲ့ပါတယ်။ ဒါကြောင့် ဆေးကုသမှုခံယူဖို့ အချိန်ကြာခဲ့ရပါတယ်။

"အရင်က ဆေးရုံဆေးခန်းဆို မလာကြဘူး။ အရေးပေါ်ကိစ္စမျိုးတောင် မနည်းတိုက်တွန်းယူရတယ်။ ဆေးရုံကို လာဖို့ကြောက်ကြတယ်။ ပိုက်ဆံကုန်မှာ ကြောက်ကြတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ သူတို့ မလာချင်ကြဘူး။" ဟု မိုင်းပျဉ်းမြို့နယ်၏ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်အရာရှိ ကိုဇင်မင်းထွန်းက ပြောသည်။

အောက်တိုဘာလ (၈) ရက် ၂၀၁၉ ခုနှစ်။

မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဝန်ထမ်းများအတွက် မသန်စွမ်းမှု အကျုံးဝင်ရေး သင်တန်းတစ်ရပ်ကို ရန်ကုန်မြို့ Wyne Hotel တွင် အောက်တိုဘာလ (၇) ရက်နှင့် (၈) ရက်တို့က ကျင်းပပြုလုပ်ခဲ့ပါသည်။