- Details
- News and Activities
- Hits: 3060
ရန်ကုန်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ ၂၀၂၀ ခုနှစ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတဝန်း ကာကွယ် ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက်( National Vaccination Evaluation Survey)အတွက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းမှ ခန့်ထားသော စေတနာ့ဝန်ထမ်း များအား အသင်းဥက္ကဌ ဦးမြသွင်မှ ဇန်နဝါရီလ (၄) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံ၍ ကွင်းဆင်းစစ်တမ်းကောက်ယူသည့်အချိန်တွင် ဆောင်ရန်၊ ရှောင်ရန် အချက်များအား အကြံပြုပြောကြားခဲ့သည်။
- Details
- News and Activities
- Hits: 2496
ကချင်ပြည်နယ် (ဇန်နဝါရီလ ၁၃ ရက် ၂၀၂၀ခုနှစ်)
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် တွင် မြန်မာနိုင်ငံ ကျန်းမာရေးမှူး အသင်းမှ ၂၀၁၉ ခုနှစ်မှ စတင်၍ အကောင်ထည်ဖော်ဆောင်ရွက်လျက် ရှိသော "ဒေသစွမ်းအားဖြင့် သာတူညီမျှ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမှီရရှိရေး စီမံချက် Reaching Equitable Access to health through Local-Empowerment (REAL) Project " မှ “Early Strategy Adoptive (ESA) Township” အဖြစ် မိုးမောက်မြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းမှစတင်၍ ပြောင်းလဲဆောင်ရွက်သွားမည့် စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲ ကျင်းပပြီးစီးခဲ့ပါသည်။
- Details
- News and Activities
- Hits: 2977
ရန်ကုန် (ဇန်နဝါရီ ၁၃၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းရုံး ဝန်ထမ်းများ တွေ့ဆုံနှုတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက်နေ့က ရန်ကုန်မြို့ ကျန်းမာရေးမှူးအသင်းရုံး ဦးထွန်းကြည် ခန်းမတွင် ပြုလုပ်ခဲ့သည်။
- Details
- News and Activities
- Hits: 4337
ရန်ကုန် (ဇန်နဝါရီလ ၉ ရက်၊ ၂၀၂၀ ခုနှစ်)
မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော "လူထုကိုယ်တိုင် ပူးပေါင်းပါဝင်ခြင်းဖြင့် အားလုံးလက်လှမ်းမီ တီဘီရောဂါတိုက်ဖျက်ရေး စီမံချက် (CpA-TB Project)" ၏ စီမံချက်မြို့နယ်များကို “ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေး ရန်ပုံငွေအဖွဲ့ (Access to Health Fund)" ရန်ပုံငွေ စီမံခန့်ခွဲရေး အဖွဲ့ဝင်များမှ လာရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
- Details
- News and Activities
- Hits: 2687
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံ အောင်မြင်စွာ ကျင်းပပြီးစီး
ညီလာခံမှ "ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် (၂၀၂၀-၂၀၂၁) ခုနှစ်" ဖွဲ့စည်း
ရန်ကုန် (ဒီဇင်ဘာလ ၂၉ ရက်၊ ၂၀၁၉ ခုနှစ်)
(၁၄) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ညီလာခံ ဒုတိယနေ့အခမ်းအနားကို ဒီဇင်ဘာလ (၂၉) ရက်တွင် ရန်ကုန်မြို့ သူနာပြု တက္ကသိုလ်ခန်းမ၌ ဆက်လက်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ် (၂၀၂၀ -၂၀၂၁) ခုနှစ်ကို အတည်ပြုဖွဲ့စည်းခဲ့သည်။





