လှိုင်းဘွဲ့(ဩဂုတ်လ ၂၆ရက်၊၂၀၂၀ခုနှစ်)
 
(၂၀၂၀)ပြည့်နှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို ဩဂုတ်လ (၂၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ပိုင်ကျုံကျန်းမာရေးဌာန၌ ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားတွင် ပိုင်ကျုံမြို့ အုပ်ချုပ်ရေးမှူး ဦးထွန်းရန်အောင်မှ အခမ်းအနား အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပိုင်ကျုံကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးဦးသက်နိုင်စိုးမှ အာဟာရနှင့်ပတ်သက်သည့် ကြယ် (၄)ပွင့် အကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ဧရာဝတီ ( စက်တင်ဘာ ၇ ရက်၊ ၂၀၂၀ ခုနှစ်)
 
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်းတို့ပူးပေါင်း၍ Covid-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းဖြစ်သည့် mask ဖြန့်ဝေခြင်း (Mask Campaign) လုပ်ငန်းကို အင်္ဂပူမြို့၊ မဲဇလီကုန်းမြို့နှင့်ကွင်းကောက်မြို့တို့တွင် ပြုလုပ်ခဲ့သည်။

ညောင်ဦးမြို့နယ် (စက်တင်ဘာလ ၅ ရက်၊ ၂၀၂၀ ခုနှစ်)
 
လတ်တလော ဖြစ်ပွားနေသော COVID-19 ရောဂါကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်း‌ဒေကြီး) နာယကဒေါက်တာ သန်းသန်းမြင့်(တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး)၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(မန္တလေးတိုင်းဒေသကြီး)၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း(ညောင်ဦး)နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်အသင်း(ညောင်ဦး) တို့ပူးပေါင်းပြီး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်း (Masks Campaign)ကို စက်တင်ဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ညောင်ဦးမြို့နယ်၊‌ တောင်ဇင်းအုပ်စု၊ ဗျတ္တဈေး၌ ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (စက်တင်ဘာလ ၄ ရက်၊ ၂၀၂၀ ခုနှစ်)
 
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားလျှက်ရှိပြီး ရောဂါကာကွယ်နှိင်နင်းရေးလုပ်ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်အတူ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း စီမံချက်ဝန်ထမ်းများမှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိသည်။

ဗန်းမော် (သြဂုတ်လ ၂၇ ရက်၊ ၂၀၂၀ခုနှစ်)
 
(၂၀၂၀) ပြည့်နှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို သြဂုတ်လ (၂၇) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ ကံကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့ကြသည်။