ရန်ကုန် (ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးမြသွင်နှင့် အဖွဲ့သည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးအား သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းမှ လုပ်ကိုင်ဆောင်ရွက်နေသော စီမံချက်လုပ်ငန်းများ၊ နိုင်ငံ့ဝန်ထမ်း ကျန်းမာရေးမှူးများ၏ လုပ်ငန်းခွင် တာဝန်ထမ်းဆောင်မှု အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့ကြသည်။

နေပြည်တော် (ဇူလိုင်လ ၁၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၏ နိုင်ငံတစ်ဝန်း ကာကွယ်ဆေးလွှမ်းခြုံ စစ်တမ်းကောက်ယူမှု စီမံချက် ( National Vaccination Evaluation Survey ) သက်တမ်းတိုး လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဇူလိုင်လ (၁၃) ရက်နေ့တွင် နေပြည်တော်ရှိ Hotel Max တွင် ပြုလုပ်ခဲ့သည်။

ချင်းပြည်နယ်( ဇူလိုင်လ ၈ ရက်နေ့၊ ၂၀၂၀ ခုနှစ်)

ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ လေးလပတ်အစည်းအဝေးကို ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ (ဟားခါးမြို့) တွင်
ဇူလိုင်လ ၈ ရက်နေ့က ပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ ချင်းပြည်နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဥက္ကဌ နှင့် အတွင်းအရေးမှူးအပါအဝင် စုစုပေါင်း ၁၈ ဦးတက်ရောက်ခဲ့သည်။

ရန်ကုန် ( ဇူလိုင် ၇ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် စီမံချက်ဝန်ထမ်းသစ်များတွေ့ဆုံပွဲ ကို ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ရှိ ဦးထွန်းကြည်ခန်းမ တွင် ပြုလုပ်ခဲ့သည်။

မြစ်သား (ဇူလိုင်လ ၅ရက်၊ ၂၀၂၀ ခုနှစ်)

မန္တလေးတိုင်းဒေသ‌ကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း အဆောက်အဦဖြစ်မြောက်ရေးအတွက် မြေနေရာဝယ်ယူနိုင်ရန်အလှူငွေထည့်ဝင် လှူဒါန်းပွဲကို ဇူလိုင်လ ၅ရက်နေ့ နံနက်ပိုင်းက မြစ်သားမြို့နယ် ရေဝန်းကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း
ဥက္ကဌနှင့် ခရိုင်အသင်းဥက္ကဌများ၊အလှူရှင်များ ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။