ညောင်ဦး ( ဇွန်လ ၁၃ ရက်၊၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) မှ Covid-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ညောင်ဦးမြို့နယ်၊စဉ့်ကူဈေးတွင် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခြင်း (Mask Campaign) ကို ဇွန်လ (၁၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

ရန်ကုန် ( ဇွန်လ ၊ ၁၁ ရက်နေ့၊ ၂၀၂၀ခုနှစ်)

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း၏ Senior Management Team (SMT) အစည်းအဝေးကို ဇွန်လ ၁၂ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းရုံး ဦးထွန်းကြည်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ကလေး ( ဇွန်လ ၃ရက်နေ့၊ ၂၀၂၀ ခုနှစ်)

စေတနာ့ဝန်ထမ်းများအား ဆင့်ပွားသင်တန်းပေးခြင်း သင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့ရှိ မြို့တော်ခန်းမတွင် ဇွန်လ (၃) ရက်နေ့က ပြုလုပ်ခဲ့သည်။

မအူပင် ( ဇွန်လ ၄ရက်နေ့၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ( မအူပင်ခရိုင်) မှ မအူပင်တက္ကသိုလ်ရှိ Facility Quarantine Center သို့ တကိုယ်ရည်သုံး Hand Gel များအား ဇွန်လ (၄) ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။

ရန်ကုန် (ဇွန်လ ၂ရက်နေ့၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုနာယကကြီးများ၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဗဟိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ (၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ရုံးချုပ် ဦးထွန်းကြည်အစည်းအဝေးခန်းမ တွင် ပြုလုပ်ခဲ့သည်။