မန္တလေး (သြဂုတ်လ ၂၃ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (မန္တလေးတိုင်းဒေသကြီး) အလုပ်အမှုဆောင်အစည်းအဝေး(၂/၂၀၂၀)ကို သြဂုတ် (၂၃ ) ရက် နံနက်ပိုင်းက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ဗဟို) ဥက္ကဌနှင့်အတွင်းရေးမှူး၊ တိုင်းနှင့် ခရိုင်ဥက္ကဌများ၊ တိုင်းအမှုဆောင်အဖွဲ့များ၊ အကြံပေးအဖွဲ့များ၊ လုပ်ငန်းဆောင်ရွက်ရေးအဖွဲ့များ၊ ပြန်ကြားရေးအဖွဲ့များစုစုပေါင်း (၂၃) ဦး တက်ရောက်ကြသည်။

ကျောက်ဆည် (သြဂုတ်လ ၂၂ ရက်၊ ၂၀၂၀ ခုနှစ်)

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း (ကျောက်ဆည်ခရိုင်) အစည်းအဝေးကို သြဂုတ်လ ၂၂ရက် နံနက်ပိုင်းက မြစ်သားမြို့ ပြည်သူ့ကျန်းမာရေးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြစ်သားမြို့ ကျန်းမာရေးမှူးအသင်းနာယက ဒေါက်တာစိန်ပို၊ ဗဟိုအသင်းနာယကဦးချစ်‌‌သောင်း၊ မန္တလေးတိုင်းဒေသကြီးကျန်းမာရေးမှူးအသင်းဥက္ကဌ ဦးလှဟန်၊‌ ကျောက်ဆည်ခရိုင်ကျန်းမာ‌ရေးမှူအသင်းဥက္ကဌ ဦးသိန်းလှိုင်နှင့် မြို့နယ်ဥက္ကဌများ၊ အသင်းသားများ၊ခရိုင်ကျန်းမာရေးကြီးကြပ်အသင်းမှဖိတ်ကြားထားသူများတက်ရောက်ကြသည်။

စစ်တွေ ( ၂၀၂၀ ပြည့်နှစ် ၊ သြဂုတ်လ ၁၁ ရက်)

၂၀၂၀ - ပြည့်နှစ် ၊ ရခိုင်ပြည်နယ် ပြည်နယ်အဆင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ဖွင့်ပွဲအခမ်းအနားကို စစ်တွေမြို့နယ်မှာရှိတဲ့ ဦးဥတ္တမ ခန်းမ မှာ သြဂုတ်လ (၁၁) ရက်နေ့က ပြုလုပ်ခဲ့သည်။

ရန်ကုန် (၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်)

ကျန်းမာရေးမှူးနှင့်ပြည်သူ့ကျန်းမာရေး ကြီးကြပ်ကောင်စီဥပဒေအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း နှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုရုံးချုပ် ဦးထွန်းကြည်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ကျန်းမာရေးမှူးနှင့်ပြည်သူ့ကျန်းမာရေးကြီးကြပ်ကောင်စီဉပဒေအတွက် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့်ပြည်သူ့ကျန်းမာရေးကြီးကြပ်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေး
ပူးတွဲထုတ်ပြန်ချက်